ခါတလှဲ့ လာခဲ့ပကျုပ်တို့ရွာ၊
ဝေးမကွာ ပြေးလာလျှင်တာမထောက်ပါဘု၊
ရွာမြောက်က မန်ကျည်းစင်။
ရွာဝင်မှာပင်စောင်ချမ်းငယ်နှင့်၊
မြောက်လမ်းကွေ့ အနောက်ဆွယ်မှာ၊
ကြောက်စဖွယ်မျက်နှာထားပါလု့ိ၊
ရွာသားတွေအာဏာကြို့ရ၊
မင်းပြည်စိုးအိမ်အိုတောင်မှာ
အခေါင်စောက်နှင့်တဲကိုလေး။
ဖျာမလွန် နွားခွံအခင်း
မြေတလင်းမှာနေခင်းပျော်အင်၊
လိမ်းကျောက်ပြင်နှင့် ဗိုင်းငင်ဝါဖန်၊
အိမ်လုံးသာညံတော့၊
သန်းယံချိန်ကျော် လူချင်းကိုလှ၊
အပျင်းပြေဖျော်ရအောင်၊
လုံးတော်ပုပြောင်းဆန်ကို
ပေါင်းလန်အောင် အဖျော်ဟင်းငယ်နှင့်၊
ဦးရင်းရေမျိုချဉ်းအောင် သွင်းစေ့မယ်လေး။
လွမ်းချင်း ဦးကြီး(သာဝတ္ထိ)
Comments
Post a Comment