တစ်နေ့သောအခါဝယ်
ငါဟာ ငိုကြွေးခြင်းဂီတနဲ့
လောကကြီးမှာ ခြေစုံရပ်မိတယ်။
ရေဒီယိုတွေ ကတ်စက်တွေ
အလှကြည့် ဖွဖွလေးကိုင်တဲ့ခေတ်မှာ
ငါ လူဖြစ်လာတယ်။
လိုချင်တိုင်း တောင့်တတိုင်း
လပြည့်ညကို ကြည့်ခွင့်မရှိတဲ့ မြွေဆိုးပမာ
တွန့်လိမ်ခွေခေါက် နှစ်စက်များကြားက
အိပ်ယာခင်းတွေ စိုစွဲလို့ နှစ်စဉ်ကြုံမြဲမို့။
မညီမျှတဲ့ ညီမျှခြင်းတွေ
မြေဆီမြေသြဇာမရတဲ့ကြားက
ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း
တိုးထွက်ခဲ့ရတယ်။
တိမ်တောက်တဲ့ညနေခင်းတွေမှာ
ဆေးတံအို ဗလာကျင်းနဲ့
မရှုပဲ သွင်းခံရတဲ့ဒီရင်ဝကို
ဝေဒနာတွေ……….စေတနာတွေ
တစ်စက်ပြီး……………..တစ်စက်
ငါ……..အလိုမပြည့်တဲ့အခါ
ပြန်ပြီးမော့သောက်မိတယ်။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၁၆-၆-၂၀၁၄
Comments
Post a Comment