ကြိုးတစ်ချောင်းချင်းဆီဖြင့်
အသက်ဆက်ရှာရသည့်
ရုပ်သေးရုပ်နယ်။
သဘင်သည် မျိုးရိုးပေမယ့်
ကြိုးကိုင်သူ ရင်နှစ်သည်းခြာ
စောင့်ဆိုင်းခဲ့ရ။
အလှတရား ပင်ကိုယ်ဟန်
ကြွယ်ဝ ကုံလုံ ပြည့်စုံမာန်
သူမသွင်း သူဆင်းခဲ့ရ အမှန်
ဆိုစေ ကစေ ငိုစေခဲ့ ရပြန်။
မြန်မာ့ သဘင် မြန်မာ့ စင်
ဝင့်ဝင့်ကြွားကြွား
မော်စေအော်စေကြောင်း
ထပ်လောင်းစေတနာဝေဖြာပါ
ဝေဒနာ အကြွေရာ မြေမှာ ခ ရရှာ။
သဘင်သည်တို့ ရင်နှစ်သည်းချာ
ကြွေရုပ်လေး ငိုကြွေး ပူဆွေး။
ပျော်ရွှင် လက်တွင် ဆင်ယဉ် ကပြစေရမှာ။
အသက်သွင်း ဇာတ်ပင်း ကစေမှာ။
ပျော်စေ ရယ်စေ ငိုစေ ဝမ်းနည်းစေ။
သူတို့ စွမ်းကြပေ သဟာ။
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment