Skip to main content
အဲဒီမြို့ပြည အိပ်ပြန်လမ်းတွေ
ဘတ်စ်ကား ဆိုတဲ့ ယာဉ်နဲ့
ကျောပိုး အိတ် ပိုက်သူ ပိုက်
လက်ဆွဲ ကွင်း ကိုင်ကာ
ငိုက်သူ ငိုက်
လှည်းတန်း မီးပွိုင့် ဆိုတာ
သံသရာမှာ
နှစ်ဘဝကူးလို့တောင် ရမလားး
မှတ်ရတယ်
အဲဒါ မြို့ပြ ည အစ ဆိုတာတဲ့လေ
မိသားစု ထမင်းဝိုင်းလားး
လာမပြောနဲ့ လမ်းဘေးဆိုင် စားချင်စားး
မိမိဖာသာ ကြက်ဥနဲ့ ဆွဲချင်ဆွဲ
မြို့သူ မြို့သားတွေ အချိန်ဟာ
ဗိုက်ဟောင်းလောင်းနဲ့ပါ
ကိုယ်ချင်းစာတရားဆိုတာကလည်းး
လကုန်ခါနီးး ပိုက်ဆံအိတ်လိုပါပဲ
မျက်နှာငယ်ရပါတယ်
သေချာတာကတော့ YBS ဟာ
အလှစီးယာဉ် မဟုတ်ခဲ့ဖူးဗျာ့
ဝန်ကြီးချုပ် စီးတုန်းကလို
ကင်မရာ တဖျပ်ဖျပ် ရိုက်မှာလားလို့
မော့်ကြည့်တာ့ ငါ့ညီ မျက်စိမှုန်နေပြီတဲ့
အဲဒါက နီယွန် မီးတန်းတွေဟာ့
လမ်းလျောက်နေ်သူကို ဘတ်စ်ကားပေါ်ကလူက
ဟေ့လူ နားကန်းနေလားး
ဘေးးကပ်လျောက်လေ
ကိုယ်ချင်း မစာနိုင်ဘူးး
ကိုယ်ပိုင် ကားပေါ်ကလူတွေက
ဟာ ဘတ်စ်ကားး ရှေ့ဆုံးခုံတွေက
သက်ကြီးတွေ ဘုန်းကြီးတွေ ကိုယ်ဝန်ဆောင်သည်တွေအတွက်
ဒီလောက်လေးတောင် နားမလည်ဘူးးလားး
ဗိုက်ဟောင်းလောင်းနဲ့ သိုင်းကွက်နင်းရတဲ့
လူတစ်ယောက်အတွက် ခုံလွတ်ဟာ
ရွှေပဲ ဟုတ်တယ်
ကိုယ်ချင်းမစာနိုင်ဘူးး
ကားဟွန်းသံ တွေ ဘရိတ်အုပ်သံတွေ
မှတ်တိုင်အော်သံ ခရီးသည်ခေါ်သံ
ဘဝခေါ်သံတွေ
သံသရာထဲမှာ ဒီမြို့လည်ပတ်နေလေရဲ့

ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)

27-6-2017
(သုံးနှစ် ကျော် ရုံးသွားချိန် ဘတ်စ်ကား မစီးရခြင်းးအမှတ်တရ)

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...