အဲဒီမြို့ပြည အိပ်ပြန်လမ်းတွေ
ဘတ်စ်ကား ဆိုတဲ့ ယာဉ်နဲ့
ကျောပိုး အိတ် ပိုက်သူ ပိုက်
လက်ဆွဲ ကွင်း ကိုင်ကာ
ငိုက်သူ ငိုက်
လှည်းတန်း မီးပွိုင့် ဆိုတာ
သံသရာမှာ
နှစ်ဘဝကူးလို့တောင် ရမလားး
မှတ်ရတယ်
အဲဒါ မြို့ပြ ည အစ ဆိုတာတဲ့လေ
မိသားစု ထမင်းဝိုင်းလားး
လာမပြောနဲ့ လမ်းဘေးဆိုင် စားချင်စားး
မိမိဖာသာ ကြက်ဥနဲ့ ဆွဲချင်ဆွဲ
မြို့သူ မြို့သားတွေ အချိန်ဟာ
ဗိုက်ဟောင်းလောင်းနဲ့ပါ
ကိုယ်ချင်းစာတရားဆိုတာကလည်းး
လကုန်ခါနီးး ပိုက်ဆံအိတ်လိုပါပဲ
မျက်နှာငယ်ရပါတယ်
သေချာတာကတော့ YBS ဟာ
အလှစီးယာဉ် မဟုတ်ခဲ့ဖူးဗျာ့
ဝန်ကြီးချုပ် စီးတုန်းကလို
ကင်မရာ တဖျပ်ဖျပ် ရိုက်မှာလားလို့
မော့်ကြည့်တာ့ ငါ့ညီ မျက်စိမှုန်နေပြီတဲ့
အဲဒါက နီယွန် မီးတန်းတွေဟာ့
လမ်းလျောက်နေ်သူကို ဘတ်စ်ကားပေါ်ကလူက
ဟေ့လူ နားကန်းနေလားး
ဘေးးကပ်လျောက်လေ
ကိုယ်ချင်း မစာနိုင်ဘူးး
ကိုယ်ပိုင် ကားပေါ်ကလူတွေက
ဟာ ဘတ်စ်ကားး ရှေ့ဆုံးခုံတွေက
သက်ကြီးတွေ ဘုန်းကြီးတွေ ကိုယ်ဝန်ဆောင်သည်တွေအတွက်
ဒီလောက်လေးတောင် နားမလည်ဘူးးလားး
ဗိုက်ဟောင်းလောင်းနဲ့ သိုင်းကွက်နင်းရတဲ့
လူတစ်ယောက်အတွက် ခုံလွတ်ဟာ
ရွှေပဲ ဟုတ်တယ်
ကိုယ်ချင်းမစာနိုင်ဘူးး
ကားဟွန်းသံ တွေ ဘရိတ်အုပ်သံတွေ
မှတ်တိုင်အော်သံ ခရီးသည်ခေါ်သံ
ဘဝခေါ်သံတွေ
သံသရာထဲမှာ ဒီမြို့လည်ပတ်နေလေရဲ့
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
27-6-2017
(သုံးနှစ် ကျော် ရုံးသွားချိန် ဘတ်စ်ကား မစီးရခြင်းးအမှတ်တရ)
Comments
Post a Comment