ခေါင်းပေါင်းစတွေ အလှ
တောင်ရှည်တွေ တဖွဖွနဲ့
နိုင်အောင်ကမဲ့ ဇာတ်မင်းသားတွေကွဲ့
ဇာတ်ရှုးနဲ့ပွဲငတ်
ရှိရှိသမျှ ကညာအလှနဲ့ မူနွဲ့နွဲ့သံ်နှောင်း
ခြေတော်ဆင်းသတင်းနဲ့တင်ပေါ်မလာ
အော်ပါဆော်ပါဟဲ့ ဒိုးပတ်ဝိုင်း
သံစဉ်တွေ တကွီကွီ ဟိုမည်ဒီမည်
မာန်ပါပါ အသံသာသာ ကပြဟန်နော့
လေချိုသွေး မနောအေးတဲ့ တို့သွေးတွေ
အမုန်းဆိုချိုနဲ့လား မသိခဲ့ပါအေတို့ရေ
ကဲပါလေ ဇာတ်သဘောမို့
အသောလေးတွေ ဖွင့်ကာဆိုခဲ့ကိုယ်တော်ချောရယ်
အပြောလည်း ဟန်သကွဲ့
အနှောလေးလည်း ကျန်သကွဲ့
ကြယ်တွေအစုံစုံ အလုံပိတ်ဇာတ်ပွဲက
လုပ်ပွဲဟဲ့ လေညုင်းဆော်တော့
အော်သာအော် ရင်ပူမြဲမို့
ကောင်းတဲ့ဇာတ်ပွဲ တောင်ရှည်ငနဲ
ပိုးပေါက်
နည်းပညာတက္ကသို်လ်(မုံရွာ)
Comments
Post a Comment