မောင်တစ်ယောက် သက်ပြင်းတွေ
ခါခါချ အိပ်လို့ မရဘူးကွယ်။
မြန်မာပြည် အရေးဆိုလို့
ဇူကာဘတ် Live ကိုလည်း ကြည့်မိပါတယ်။
သူတောင်းပန်တယ် တာဝန်ခံတယ်။
Live တွေ ခေတ်ထနေလို့ မြောင်းမြ
Peacetalk လေးမှာ ပညာရေးက တစ်ဂိုး
ကျန်းမာရေးက တစ်ဂိုး သရေဖြင့်
အလိမ်အခေါက် ကောင်းကောင်းဖြင့်
အသက် ၇၀ အမေအိုနှင့်အတူ သန်း ၅၀ပြည်သူကို ဂျင်းထည့်ခဲ့လေတဲ့
ဂျင်းတွေ ခေတ်ထနေတော့ ဂျင်းရှောင်းမယ်
ချင်းတွင်း တောတောင် ကိုတက်တော့
လာလာဗျာ့ ပွဲ မရောက်သေးဘူး။
စိတ်ဝင်တစား တွင်တွင်ကျယ် ဝင်ကလုတ် ထွက် ကလုတ်
သဲပန်းချီ နဲ့တင် စေတနာ ပေါ်နေပါပြီ။
ဝန်ကြီးချုပ် လှည်းယာဉ်စီး ကိုယ်နဲ့နှိုင်း ကမြင်းရိုင်းပေါ့။
ဂျင်းက သူဂျင်းလား ကိုယ်ဂျင်း ပြည်သူ သိသဗျာ့။
အညာမှာ နည်းနည်းပူတယ်။
မန္တလေး လမ်းလျှောက်တော့ ကျုံးဘေး စတီး
လက်ရမ်း နေထိုးတယ်။
အသံတွေ ဆူ နားတွေ အူလို့ မျက်မှန်တပ်လိုက်တယ်။
နေဦး ဒီနှစ် မုဒ်ဦး ပါသေးလား?
မြေမညီလို့ မင်းတုန်း ကြောင့်ပါကွာလို့
အသံထွက်သတဲ့ ။
လက်ရမ်းတွေ သောင်ပြင်တွေ မြောင်းမြ တံတားတွေ ပညာရေးနဲ့ကျန်းမာရေး ကန်တဲ့သရေပွဲတွေ အမြန်လမ်းပေါ် အောင်ရတနာ သစ်ကားနဲ့ တိုက်တာတွေ အသက်သေဆုံးစာရင်း။
သက်ပြင်းတွေ ဟင်းခနဲ့ချရင်း
ထွေးညို မောင် ကားလက်မှတ် ဖြတ်မရလို့
ရွာသင်္ကြန် မပြန်ဖြစ်တော့ပါဘူး။
သက်ပြင်းတွေ ပဲ ခါခါချနေပါတယ်။
မောင်စိုးရာဇာ(ခင်လတ်မြေ)
၂၀၁၈ ဧပြီ ၁၂ ။
Comments
Post a Comment