လူတွေ
ဘယ်လိုနေမယ် ဆိုတာ စဉ်းစားကြတယ်
ဘယ်လိုသေမယ် ဆိုတာ မစဉ်းစားကြဘူး။
လူတွေ
ဝမ်းစာအတွက် ဖြည့်ဆည်းဖို့သတိရတယ်
ဉာဏ်စာအတွက် သတိမရဘူး။
လူတွေ
သူတစ်ပါးကို လက်ညှိုးထိုးဖို့လွယ်ကူကြတယ်
မိမိ ကိုယ်ပြန်လည်ဆန်းစစ်ဖို့ မေ့နေကြတယ်။
လူတွေ
သူတစ်ပါးကိုပြောင်းလဲဖို့တိုက်တွန်းကြတယ်
မိမိ ကိုယ်တိုင်ပြောင်းလဲဖို့ ငြင်းဆန်ကြတယ် ။
လူတွေ
တစ်ပါးသူ ကိုပြောကြားဖို့ အားသန်ကြတယ်
မိမိ နားပါတာတော့ မျက်ကွယ်ပြုကြတယ်။
အော် လူတွေ
ပိုင်ဆိုင်မှု ဗလာနတ္ထိဖြင့်
ခရီးဆက်ရမယ့် လူတွေ
သွားရမယ့်ရက်ကိုရော သိပြီလားလို့
တို့လူတွေ
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၆-၈-၂၀၁၆
ရေဦးမဂ္ဂဇင်းထဲမှာ ပါ တဲ့ ကဗျာ လေးပါ။


Comments
Post a Comment