Skip to main content
လူ့ဘဝ မှာ
အသက်တစ်ရာ မနေရပေမယ့်
အမှုတစ်ရာ တွေ့ကြရတယ်
လူတစ်ယောက် အမှားတွေ သင်ခန်းစာယူ
မိမိအတွေ့အကြုံများဖြင့်
ရင်းနှီး ကြိုးစားစွာ ဘဝကို
အောင်မြင်အောင် တည်ဆောက်ကြပါတယ်

အမှားမရှိရင် ဘဝဟာ မအောင်မြင်နိုင်သလို
မှားတိုင်းလည်း အောင်မြင်ချင်မှ
အောင်မြင်ပါမည်။
အမှားဟာလဲ အများလက်ခံအမှားရှိသလို
အများလက်မခံနိုင်တယ့် အမှားလည်းရှိံ
ငါ့မှားသွားတယ်
မင်းစော်နဲ့ အိပ်လိုက်မိတယ်
ငါ့မှားသွားတယ် မင်းသင်တန်းတက်မယ့်ပိုက်ဆံ
ဖဲရိုက်လိုက်မိတယ်
ငါမှားသွားတယ် မင်းပိုက်ဆံ အရက်သောက်လိုက်မိတယ်
ငါမှားသွားတယ်
် မူးလို့ရမ်းမိတယ်
ဆဲမိတယ် မှားသွားတယ်
မှားပေမယ့် သေးနဲ့ချေးတော့ ရွံ့ရမှန်းသိတယ်
ကျွန်တော်တို့အမှားကို ခွင့်လွှတ်တတ်အောင်
ကျေအေးတတ်အောင် ဆုံးမကြတယ်
ခွင့်လွှတ်ဖို့သင်ပေးကြတယ်
ကာယကံရှင် သင်ကိုယ်တိုင် ပြုကျင့်ခံရတယ်ဆိုရင်ရော
သင့်ရဲ့ သနားညာတာမှု ကို
ကျွနု်ပ်စားသုံးလို့ရပါမည်လော်
မှားတိုင်း သင်ခွင့်လွှတ်မည်လော
သင်ကိုယ်တိုင် နာကျဉ်မှု မခံစားရပဲ
ကိုယ်ချင်းစာတယ်ဆိုတာ
ယဉ်ကျေးမှု အရ စကာလုံးထက် ပိုမည်မထင်ပါ
အမှားတွေလုပ်တိုင်း မကောင်းဟူက
ပေါင်းသင်းအပ်သူမရှိ
အမှန်လုပ်သူတိုင်း ကောင်းဟူက
မပေါင်းသင်းအပ်သူမရှိ
အကောင်းနှင့်အဆိုး
အကြောင်းနှင့် အကျိုး
အမှန်နှင့်အမှား
ဒွန်တွဲနေသော လောကကြီးမှာ
မိမိ ကိုယ်သာ ကောင်းအောင်ကြိုးစားပါ
ဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်ဖြင့်
သေခြင်းတရားကို ရင်ဆိုင်ပါ
ဒါဟာလည်း တစ်နေ့ရောက်ရင် ပြီးသွားမှာပါ

ပိုးပေါက်
နည်းပညာတက္ကသိုလ် မုံရွာ
၈.၉.၂၀၁၆

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...