ခါတခေါက် ရွာရောက်ကယ်လှမ်းခဲ့ပ၊
သာတမ်းဖြင့်ရှိစေတော့၊အမိတို့တောရွာအိမ်၊
သည်ချိန်ကိုပဲစင်အောက် လပြောက်မှာဗိုင်းငင်၊
ရွှေရင် အင်္ကျီသိုင်းလို့ တပိုင်းပိုကရိုနှင့်၊
အကို့ ကိုဗန်ပြလိုက်မယ်လေး။
တဘက်ကယ်မှောင်ကာ တခြမ်းဟာမှာ၊
နံ့သာလိမ်းကွက် လရောက်ပြက်မှာ၊
အသက်ကယ်နှင်းဆောင် ။
နွားခွံခင်းတဲ့တလင်းပြောင်ဝယ်၊
ရိပ်ရောင်မထင် လူခြေတိတ်ကိုမှ၊
ရွှေလိပ်ပြာရွှင်စေ့မယ်၊
ဦးရင်တို့မြို့သူလို တို့တောမူတယ်မကြမ်းပါဘူ့၊
ခြေရေကုန်လည်ဆံကမ်းချိန်မှ ဗန်းပ့မယ်လေး။
လွမ်းချင်း ဦးကြီး(သာဝတ္ထိ)
Comments
Post a Comment