စကားလုံးတွေ စကားလုံးတွေ
တောင်မှ မြောက် အရှေ့မှ အနောက်
တာဝန်မဲ့စွာ လေဟင်မှာဝေ့ဝဲကာ
နစ်မွန်းနေကြပြီ
အတွေးတွေ အတွေးတွေ
တွေးမယ်လို့ ကြံကာမှ
ဆန်မရှိလို့ ညည်းတွားတဲ့ အိမ်ရှင်မအသံ
တောင်တောင်အီအီ အတွေးမညီလှပါ
စာသားတွေ စားသားတွေ
ပေထက်အက္ခရာ မရေးသားခင်
ကြွက်ကိုက် ဆေးတံအနားလှန်နဲ့
တစ်ခြမ်းဖဲ့ သူ့အိပ်မက်
စကားလုံးတွေရဲ့ ပင်ယံထက်ဆီ
အတွေးစိတ်ကူးသန်းများစွာ
အောင်မြင်ခြင်း ဘောင်နယ်နမိတ်သို့
တက်လှမ်းကာပန်းဝင့်မယ်
ဆင်မြန်းကာ အလှမ်းတင့်မယ်ကြံကာမှ
နှုတ်မစောင့်တဲ့ လိပ်တစ်ကောင်ရဲ့ညက
ခါးသက်လှချီရဲ့
စကားလုံးတွေ မြင့်ပါစေတော့
အတွေးတွေလည်း ဆင့်ပါစေတော့
စာသားတွေရဲ့ ညဉ့်မနက်တဲ့ အိပ်စက်ခြင်းမှာတော့
စပ်ဖျင်းဖျင်းဖြစ်တဲ့ မျက်စိတွေ
နာချေဦးတော့ ရှိစေဦးတော့……………
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment