တိုးတိုးတိတ်တိတ် ပြန်မအိပ်တဲ့ညတွေများခဲ့ပြီ
ခဏတာလို့ဆိုပေမယ့်
တစ်ဘဝစာဝေးနေတာရော သိရဲ့လား
ပြုံးမယောင်ယောင် ခေါ်မလိုလို
တည်ကြည်ခံ့ငြားတဲ့ အပြုံးတွေအောက်မှာ
ငါ ဟန်မဆောင်နိုင်တော့ပါ
မိုးသည်းတဲ့နေ့တွေဆို
မင်းဆီအရောက်လာ အတူမိုးရေချိုးခဲ့ကြတယ်
နုပျိမှု သန့်ရှင်းမှုတွေကိုလည်း မင်းဆီအပ်ခဲ့တယ်
အိပ်မက်တွေကိုလည်း ယုံကြည်စွာ
ဖွင့်ဟ တိုင်ပင်ခဲ့တယ်
မင်းရဲ့သမိုင်းမှာလည်း ရေးထိုးမှတ်တမ်းတင်ခွင့်ပေးခဲ့တယ်
မဝေးတော့တဲ့ အချိန်လေးမှာ
တို့တစ်တွေ လာတွေ့ကြမယ်
ငါတို့ရဲ့ ငယ်ရွယ်မှုကို ကခုန်ဖို့
ဒီတစ်ခေါက်တော့ ပြုံးပြုံးလေးနဲ့ကြိုလင့်မယ်လို့
ထင်မိပါတယ်
အမိနည်းပညာ ကျောင်းတော်ကြီးရယ်.........
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment