Skip to main content

ပြန်လည်ဆုံတွေ့ကြပါစို့(၁၄ ကြိမ်မြောက် မုံရွာ GTI အာစရိယ ပူဇော်ပွဲ ဆီသို့ )


မတွေးဖူး။အာစရိယပူဇော်ပွဲအကြောင်းကို မတွေးဖူး။ စိတ်ကို အတင်းထိန်းချုပ်တယ်။
စိတ်တို့၏ သဘောသည် တားဆီးမှ ပိုလုပ်ချင်လာတယ်။ ပိုသွားချင်လာတယ်။
စိတ်ပဲ ရှိပါတော့တယ်။ စိတ်စေစားရာ နောက်ကွယ်မှာ ငွေကြေးသည် ရှင်ဘုရင်တစ်ပါးပါ။
ပျော်ရာမှာ မနေရ တော်ရာမှာနေကြရပါတယ်။ ပညာရပ်နဲ့သက်ဆိုင်လို့ သာ ရန်ကုန်မှာနေကြရတယ်။
သားသမီး ၃ ယောက် ရသည့်တိုင် တိုက်ခန်းပိုင် မရှိသေးပါ။ ၁၂ လပိုင်းကုန်ရင် အိမ်ငှားက စာချုပ်ချုပ်ရဦးမယ်။
ဝင်ငွေ အပို မရှိ၍ ထွက်ငွေ အပိုအကုန်မခံနိုင်သေးပါ။ ကိုယ့်ဝမ်းနာ ကိုယ်သာလျှင်သိပါတယ်။ သူငယ်ချင်းတွေ
ဒီလိုနေ့မျိုးမှာ ဆိုရင် မုံရွာ GTI,GTC အာစရိယ ပူဇော်ပွဲကို သွားပြီ။ ဌေးဇော် တစ်ယောက်တော့ ကိုယ်ပိုင်ကားနဲ့
ရန်ကုန်က သွားပြီလေ။ သူငယ်ချင်းချင်းဆိုတာ့ ခေါ်ပါတယ်။ သူ့ကားနဲ့လိုက်ခဲ့ဖို့။ လမ်းစရိတ်ကုန်စရိတ်မများပါဘူး။
ခွင့်တစ်ရက်ယူလိုက်ရင် သမီးငယ် နို့တစ်ဗူး စာလောက်တော့ ရတယ်ဆိုတဲ့ အသိက သူငယ်ချင်းနဲ့ အာစရိယဂုဏေ ဆရာဆရာများ
ခွင့်လွှတ် ရှစ်ခိုးကြောင်း စိတ်ထဲမှာပဲ ပြောမိတယ်။ ဌေးဇော်က အညာသား ။သူ့အညာသားဖြစ်ကြောင်းထွေထွေထူးထူး ရှင်းစရာမလို။
အသားအရေ နှင့် စကားလုံးက သက်သေတည်လျှက်။ မာမြင့် သူကလည်း အညာသူစစ်စစ် တစ်ယောက်ပါပဲ။ သားတစ်ယောက် သမီးတစ်ယောက်နဲ့
မိသားစု ပျော်ရွှင်ပုံလေးတွေ သားလွမ်းကြောင်း သမီးလွမ်းကြောင်း ပြောတော့ ။ ကိုယ့်မပြည့်စုံသေးတဲ့ မိသားစုလေးကို အားနာမိတယ်။
တောင်းပန်မိတယ်။ အဖေ ဟာ အရက်သမားစစ်စစ်တော့ မဟုတ်ပါဘူး။ လောက လှိုင်းပုတ်မှုတွေ၊ငွေကြေးမပြည့်စုံတဲ့ ခက်ခဲမှုတွေကိုတော့ ပြင်းပြင်းထန်ထန်ခံစား
နေရတဲ့ ဖခင်တစ်ယောက်ပါ။ လိုအပ်မှုတိုင်းမဖြည်ဆည်းနိုင်ပေမယ့် လက်ငှမှုမရှိတဲ့ နေ့ရက်တွေကို စဉ်းစားမိတိုင်း နာကျဉ်ရပြန်တယ်။
ရင်ဖွင့်ခွင့် ပြောပြခွင့် မရှိတိုင်း ဘုံဆိုင်ကို ထိုင်ဖြစ်တယ်။ အရက်သမား သား သမီးလို့ လက်ညှိုးထိုးမှာစိုးတိုင်း ရှောင်လွှဲခဲ့နေ့ရက်တွေ။
အာစရိယပူဇော်ပွဲ နှင့် စုပေါင်းကထိန်ပွဲကို
သတိမရပဲ မလွမ်းဆွတ်ပဲ ဘယ်နေနိုင်မလဲ။ လူသားတစ်ယောက် အသိဉာဏ်ဖွံ့ဖြိုးမှုနဲ့ အတတ်ပညာ စတင်သင်ယူရာ အမိကောလိပ်မှာ။
မအူမလည်လေးတွေနဲ့ စတင်ထိတွေ့ ။ အရိုင်းပန်းလေး တွေ ဖြူစင်မှုလေးတွေ ပျိုမြစ်မှုလေးတွေနဲ့ ကောလိပ်မှာ ပေါင်းစုံစီးဆင်းခဲ့ကြလေရာ။
စတိုင်ပင် မရလို့ ငိုမဲ့မဲ့ လုပ်နေတဲ့ကောင် အောင်မန်း လည်း ခုတော့ ရင့်ကျက်တဲ့ ကန်ထရိုက်တာကြီးဖြစ်လို့။ ထမင်းတွေ ခဲပါလို့ မစားတတ်ပါဘူးဆိုတဲ့
ရွှေဘိုသားတစ်ယောက် ဆန်ကုန်သည်တစ်ယောက်ဖြစ်လို့။ညတိုင် အမြဲတမ်း ဗိုက်ဆာတတ်တဲ့ ချက်ကြီးး။ လက်ကျန် ထမင်းလေးတွေ နယ်ပြီး
အသုတ်တစ်ပွဲ ၁၅ ကျပ်ကို အလုအယှက် တစ်ပန်းကန်ထဲ အတူစားခဲ့ကြတယ်။တစ်ခါ တစ်ခါ အကြွေးမှတ်စားပြီး လကုန်မရှင်းနိုင် တိုင်ခံရသူတွေလည်း
ရှိပါရဲ့။ တို့တစ်တွေ မရှက်ခဲ့ဘူး။ဒါဟာ ငါတို့တစ်တွေ နုပျိုမှု မှတ်တိုင်တွေလေ နားလည်မှုတွေ ချင့်ချိန်မှုတွေ ရင့်ကျက်မှုတွေကို အားယူနေချိန်လေ။
အဆောင်သူတွေ ရှေ့ ဂစ်တာသံတွေ ငါတို့ လွှမ်းခဲ့တယ်။ လွမ်းခဲ့ကြတယ်။ လမ်းဟောင်း ဟာ အိန္ဒြေရှင် လမ်းလျှောက်သလို တည်ငြိမ်ရင့်ကျက်မှုတွေနဲ့ဆက်ဆံတယ်။
လမ်းသစ်ကတော့ ညီငယ်လေးတစ်ယောက်လိုပဲ။ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ကလုံး ဒုန်း ခွမ်း။အဆောင်တွေ ရေကြီးလို့ကျောင်းသူ ကျောင်းသားတွေ ပစ္စည်းတွေပါသွားလို့
လိုက်ဆယ်ပေးခဲ့ရတာတွေ။ ဒါတွေဟာ ငါတို့ စုစုစည်းစည်း မောင်နှမ စိတ်ဓာတ်နဲ့ လူမှု အဖွဲ့အစည်း ရဲ့ အခြေခံအကျဆုံးအချက် ကို စတင်သင်ယူ လုပ်ဆောင်ခဲ့ကြတယ်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွေ ဘယ်ကြုံဖူးခဲ့မလဲ။ ကိုယ့်လို တောကတက်လာတဲ့ ငတိလေးတွေကို ကြိုဆိုတယ်။ ထူးထူးခြားခြား အလှမယ်လေးကို ကြည့်ရင်ခုန်မိပေါ့။
Queen လို့ သတ်မှတ်ပေးတဲ့ ကျောင်းသူလေး ။ Welcome ပြီး ကျောင်းလာတာ ဖြောင့်ဖြောင့်တန်းတန်းမလာနိုင်ရှာတော့။ အလှမဂေးများစွာ နေတဲ့ မြသီတာဟာလဲ ညနတ်သမီးတစ်ပါးလို။
စိတ်ထဲမှာတွေးလိုက်တိုင် မနေ့တစ်နေ့ကလိုပဲ သူငယ်ချင်းတို့ရေ။ စိတ်တွေကတော့ ငယ်ချင်နေတုန်း သားသမီးတွေ ကြည့်မှ အသက်တွေကို သတိထားမိတော့တယ်။ ကျောင်းတက်စဉ်အတွင်း
ဆရာ ဆရာမ ချစ်တဲ့ ကံဇာတာ မပါတော့ ။ ဘယ်ဆရာ ဆရာမ နဲ့ မှ ရင်းရင်းနှီးနှီးမရှိတာ အမှန်ပါ။ သို့ပေမယ့် ဆရာဆရာမတွေ ကျေးဇူးက ဒီနေ့အချိန်ထိ ယူငင်သုံးစွဲနေတုန်း။
ကိုယ်တိုင်ကိုယ်ကျ မကန်တော့ရပေမယ့် စိတ်ထဲမှာတော့ အသက်ထက်ဆုံး သတိ၇ ကန်တော့နေပါတယ်။ တစ်နေ့နေ့များမှာ ဆရာဆရာမတွေကို တစ်နှစ်လောက်တော့ ကြည်ကြည်နှုးနှုးကန်တော့ဖူး
ချင်တယ်ကွာ။ ငယ်ရွယ်မှုတွေ ကို ကခုန်ဖို့လည်း ပါတာပေါ့။ ငယ်စဉ်အတိုင်း ဟန်ဆောင်မှုအရှိ စိတ်အရင်းခံအတိုင်း စိတ်အရိုးခံအတိုင်း ပေါင်းသင်းခဲ့ကြတဲ့ မုံရွာ GIT ကျောင်းတော်ကြီးမှာ
တို့တစ်တွေ သွေးသားရင်းနဲ့မခြားတဲ့ ညီနောင်တွေပါ။ အမှတ်ရမိဆဲပါ။ မုံရွာ ဆွမ်းလုံးပွဲတော်က တို့တစ်တွေ ငယ်ရွယ်မှုနဲ့ သံစဉ်တွေကခုန်ခဲ့တဲ့နေ့ရက်တွေပါပဲ။ ပြန်စဉ်းစားလိုက်ရင်
မနေ့တစ်နေ့ကလို့ ထင်ရပေမယ့် ဒါဟာ ဆယ်စုနှစ်မက သတိရလွမ်းဆွတ်မှုတွေကို ပေးနေတဲ့ ကျောင်းတော်က ငယ်ချစ်ဦးတစ်ယောက်ပါ။ ကံဇာတ်ဆရာသက်ညာှမှုရှိရင် ပြန်လည်ဆုံတွေ့ကြတာပေါ့။

ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
၂၀၁၉ ခုနှစ် ၊ ၁၅ ကြိမ်မြောက် ၊ AGTI-EGTI-GTC-TU အာစရိယပူဇော်ပွဲ အမှတ်တရ
ကျောင်းတော်သို့ ရသ လည်ပြန် Mini Magazine

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...