မွေးနေ့ မှာ happy birthday ပြောသလို
သေနေ့ မှာလဲ happy deadday လို့ပြောပေးပါ။
သူငယ်ချင်း ခင်မင်မှုကို
အလေးထားမယ်ဆို
သေဆုံးသွားမယ့် ငါ့အကောင့်ကိုလဲ
မ block နဲ့
သတိတရ တက်လာမယ့် Anniversary
တွေ တွေ့ပြီး သတိရပါ
ပြီးရင် အမျှဝေပေးပါ။
ပြီးရင် ရယ်မောကြပါ
ပြိုင်တူ happy deadday လို့ အော်ပေးပါ။
ဘဝတစ်ပါးမှ မင်းတို့ကို ကျေးဇူးတင်နေမှာပါ။
တစ်နေ့ မင်းတို့ လာမယ့် လမ်း
တစ်နေ့ နေ့ ငါတို့ လာမယ့် လမ်း
သေခြင်း မှတ်တိုင် မှာ ဆုံမှတ်အဖြစ်
deadstop ပေါ့ သူငယ်ချင်းရာ။
မင်းကို လွမ်းနေပါတယ် လို့
တိုးတိုးလေး ပြောရင်း ရယ်မော ပျော်ရွှင်
ငိုကြွေးနေပါတယ် သူငယ်ချင်း
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment