ကြိုလိုက်ကြပုံ အစီအရီပုလင်းတွေ
နှုတ်ခမ်းချင်းတိုက်
ခွက်တွေ ဆက်တိုက်ချခဲ့တဲ့ည။
မဖြေသာ ရင်မှာဆွေးမို့
ငိုအတွေးကလေးနဲ့နင်
မကန်းချင်အမြင် စာတွေဖတ်။
ကိုယ်စီကိုယ်စီ ချစ်တေးကျူးလို့
ခံခံပြင်းပြင်း အတိုတွေအတင်းဖွာ
ရင်မှာဗလာမဲ့ ငါနဲ့ဟဲ့
အံတွေကိုကြိတ် မာန်တွေသိပ်သမို့
ရွံ့စိတ်နှင့် ဘောင်မဝင်
နောင်တွင်မဲ့လူသား happy new year။
29-1-2013(အုတ်ကျင်း တိုက်ခန်း အမှတ်တရ)
ပိုးပေါက်
နည်းပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment