ဘဝ မှာ စာမေးပွဲ သုံးခါ ကျခဲ့ခြင်း နှင့် ပြောင်းလဲလာသော စိတ်သဘောထား ဘဝ ခံယူချက်များ
*************************************************************************************
ဘဝ မှာ စာမေးပွဲ သုံးခါ ကျခဲ့ ဖူးတယ်။
၁) Second GTI (၂၀၀၇ ပထမအကြိမ် ရှုံးနိမ့်)
၂)BE(၂၀၁၁ ဒုတိယအကြိမ် ရှုံးနိမ့်)
၃)IMCEITS(၂၀၁၃ တတိယအကြိမ် ရှုံးနိမ့်)
၁) Second GTI (၂၀၀၇ ပထမအကြိမ် ရှုံးနိမ့်)
ပထအကြိမ် စာမေးပွဲ အောင်-မအောင် ဖုန်းဆက်ပြီး အပြန် လမ်းမှာ အဖေ နဲ့ တွေ့တယ်။
ထွန်စက် တစ်လုံး နဲ့ လယ်တော စက်ခုတ် သွားနေပါတယ်။ အဖေ ကျွန်တော် စာမေးပွဲကျတယ် .
တက္ကသိုလ်စတက်ပြီ ဆိုကတည်းက မှာထားတယ်။ ကြိုက်တဲ့ အတန်း ကြိုက်တဲ့ နှစ်
တစ်ကြိမ် ကျခွင့် ရှိတယ်။ ဆက်ထားပေးမယ် နောက်တစ်ကြိမ် ကျရင် ဆက်မထားဘူး
၂၀၀၇ စာမေးပွဲ ကျတော့ အဖေက ထွန်စက် တစ်လုံး နဲ့ အငှားလိုက်တယ်။
ကျွန်တော်က စပါးခြွေလှေ့စက် နဲ့ အငှားလိုက်တယ်။ ကျောင်းက ဖွင့်ပြီး။
ကိုယ်က နှစ်ကဆိုတော့ ကျောင်းဖွင့်ဖွင့်ခြင်း မသွားရဲတာလဲ ပါသလို ။
အိမ်ကို ကျောင်းသွားမယ်လို့ မပြောရဲတာလဲ ပါမယ်။ ဒီလို နဲ့ စက်ထိုးလိုက်တော့ရင်း
စိတ်ထဲ မှာ စိတ်ဖြတ်ချက် ချထားတယ်။ ဘယ်တော့ မှ တောင်သူ လုပ်ငန်း ကို ပြန်မလုပ်တော့ဘူးလို့ ။
စပါးခြွေလှေ့စက်က တော်တော်များများ သိမယ်ထင်ပါတယ်။ ဆူးလုံးထဲကို ရိတ်ထားတဲ့ စပါးပင်တွေကို
စက် နဲ့ အပြိုင် ထည့််ပေးရတယ်။ စက်ထိုးတယ်လို့ ခေါ်ပါတယ်။ စက်ထိုးခြင်းမှာလည်း ပညာရပ်ရှိပါတယ်။
စက်က မထိုးတတ်ရင် ဆူးလုံးက ဆွဲပါတယ်။ အခန့်မသင့် ရင် ဆူးလုံးမှာပါတဲ့ သံတိုင် အတိုလေးတွေ နှင့်
ရိုက်မိရင် လက်ပုတ်နိုင် လက်ကွဲနိုင်ပါတယ်။ နောက်တစ်နည်း မထိုးတက်ရင် စပါးပင် တစ်ထွေးကြီးပါသွားရင်
စက်ထိုးရပ် သွားပါတယ်။ စက် အင်ဂျင်လည်း နာသလို လူလည်း အချိန်ကုန်ပါတယ်။ ဆူးလုံးမှာ ရစ်သွားတဲ့
စပါးပင်တွေကို ပြန်ခွာပေးရပါတယ် ။ ပြီးတော့ မှ စက်ကို ပြန်နှိုး ပြန်လည်ပတ်ရပါတယ်။ စနစ်တကျ ထိုးနည်းတော့ စပါးကို ခွဲ ခွဲပြီး တိုင်ပင် ကိုက် ထိုးတတ်ရပါတယ်။ စက်အင်ဂျင်သံ ကို နားစွင့်ပြီး ထိုးရပါတယ်။
စက်ဝတ်(အလုပ်များသွားလို့ အသံပေါက်) စပါးထိုးလျော့လိုက်ပြီး စက်သံ မာလာရင် (ခြွေလုံးထဲ စပါးနည်း)
စပါးပင်များ ပိုထိုးရပါတယ် ။ စက် နဲ့ အပြိုင် ထိုးရတော့ ကြာတော့ လက်မောင်းအုံတွေ အောင့်လာပါတယ်။
အဖေ စက်ထိုးတာ ၇၅ တင်းကျရင် ကျွန်တော် တို့ ၂၅တင်း (တစ်စီး) ထိုးခိုင်းပါတယ်။ အဖေ စက်ခုတ်သွားရင်
အမေ (သို့) လူငှား နှင့် ကျွန်တော် စက်ခြွေလိုက်ရပါတယ်။ ကျွန်တော်တို့ ကျောင်းစရိတ် ကို စက်ခြွေလိုက်ခြင်း
စက်ခုတ်လိုက်ခြင်းဖြင့် ကျောင်းစရိတ် ရှာပေးပါတယ်။ ခြွေလှေ့စက် ထိုးနေချိန် မှာ စဉ်းစားပြီး ဆုံးဖြတ်ချက်ချခဲ့တာက ဘယ်တော့ မှာ ရွာပြန်ပြီး စက်မထိုးစေရတော့ဘူး။ ဘာလို့ အဲလို ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချခဲ့သလဲဆိုရင်ကျွန်တော့် ညာဘက် လက် လက်ချောင်းထိပ်တွေမှာ သွေးချင်းနီပြီး အသားတွေ ပါးနေပါတယ်။
အချိန်တိုင်း ညာဘက်လက်က စပါးပင်ကို ဆွဲနေရတော့ စပါးနဲ့ပွတ်ပြီး လက်ထိပ်တွေက ပါးနေပါပြီ.။
ပါးလွန်းလို့ သွေးထွက်နေတဲ့ လက် နဲ့ စပါးကို လှမ်းဆွဲတော့ စပါးသည် ဖင် မှာ အညောင့် ပါတဲ့ စပါးကို
ခြွေနေရတဲ့ ဖြစ်ပါသည်။ လှမ်းဆွဲလိုက်တဲ့ အချိန်တိုင်း ပါးလှနေတဲ့ လက်ထိပ်ကို စပါးဖင့်အညှောင့်ထိုးခံရတာ
အသည်းခိုက်အောင် နာခဲ့ပါသည်။ထို့ကြောင့် ဒီစပါးခြွေလုပ်ငန်း ကို ပညာတတ်ဖြစ်မှာသာလျှင် ပြန်မလုပ်ရမှာ
ပင်ပန်းလှတယ်ဆိုပြီး ဆုံးဖြတ်ချက် ချခဲ့တာပါ။ ပင်ပန်းတယ်ဆိုပေမယ့် ကျွန်တော့် အဖေသည် ယခု အချိန်ထိ
စပါးခြွေစက် အငှားလိုက်နေတုန်းပါ။ နောင်တော့ စပါးခြွေမယ်ဆိုရင် လက်ထိပ် ဆယ်ချောင်းလုံးကို တိပ်ပိတ်ပြီးစပါးထိုးတော့တယ်။ စပါးတင်း ၁၀၀ ကျမှ ကျွန်တော်တို့သည် သုံးတင်း(သို့)လေးတင်း ရပါသည်။
နှစ်အလိုက် အပြောင်းအလဲ ရှိပါသည်။ ပထမအကြိမ် ရှုံးနိမ့်မှု မှ သင်ခန်းစာ ရရှိပြီး ဆုံးဖြတ်ချက် ချခြင်း။
၂)BE(၂၀၁၁ ဒုတိယအကြိမ် ရှုံးနိမ့်)
ဒုတိယအကြိမ် စာမေးပွဲကို ၂၀၁၁ ခုနှစ် ဘီအီး ပထမနှစ်တွင် ကျရှုံးခဲ့ပါသည်။
အောင်စာရင်း ထွက်ချိန်တွင် မန္တလေးမြို့ ဗီနိုင်းဆိုင် တစ်ခု တွင် အလုပ်ရခဲ့ပါသည်။ အလုပ်ဝင်ပြီး နှစ်ရက် မပြည့်ခင် စာမေးပွဲ အောင်စာရင်း ထွက်တော့ စာမေးပွဲ ကျကြောင်း သိသိချင်း စတင် တည်းခိုရာ ဘုန်းကြီးကျောင်းသို့ ညတွင်းချင်း အလုပ်ထွက်ကာ ပြန်အိပ်ခဲ့ပါသည်။ ဖြစ်နိုင်လျှင် ညတွင်းချင်း မန္တလေးမှ မုံရွာကိုဆိုင်ကယ် နှင့် စီးပြီး ပြန်ချင် စိတ်ဖြစ်ပေါ်ခဲ့ပါသည်။ လမ်းရေး လမ်းတာ ဆိုင်ကယ် စိတ်မချမှုကြောင့် ဘုန်းကြီးကျောင်းတွင် တစ်ညလုံး နီးနီး ငို နေခဲ့ပါသည်။ အိမ်ကို လည်း စာမေးပွဲ ကျကြောင်း ဖုန်းမဆက်ရဲ ၊ မိမိလက်ထဲတွင်လည်း ငွေသား သုံးသောင်း လောက်ပဲ ရှိနေပါတော့တယ်။ အရင်ဆုံး ဘယ်သူတွေ စာမေးပွဲ ကျလည်း စုံစမ်းကြည့်တော့ အားလုံး အင်္ဂလိပ်စာ အားနည်း သည့် သူများ သာလျှင် စာမေးပွဲ ကျခဲ့ကြပါသည်ဟု အကြမ်းဖျဉ်းယူဆမိပါသည်။ နောင် ကျောင်းပြန်တက်ချိန်တွင် ကျွန်တော် ကျသည့် ဘာသာရပ်များမှာ အင်္ဂလိပ်စာ နှင့် AI ဘာသာ့ရပ်ဖြစ်သည်ဟု သိရပါသည်။ ကိုယ်ကိုယ်တိုင် ကျမည် ဟု ထင်မထားခြင်း၊ ကျသင့် သည်ဟု ယူဆသော ကျောင်းသားများ အောင်ပြီး ၊ မကျသင့်သည်ဟု ယူဆသော ကျောင်းသားများအောင်ခြင်း ၊ မျှော်လင့်မထားသော ခံစားချက်များကြောင့် ပိုမို ဝမ်းနည်း ရပါသည်။ နောက်ရက်ချက်ချင်း မုံရွာ သို့ ပြန်ခဲ့ပါသည်။ မုံရွာ အရောက်တွင် BE ပါသော သူငယ်ချင်း နှင့် ME ပါသော သူငယ်ချင်း နှစ်ယောက် ဖြင့် သူတို့က ပျော်ရွှင်ခြင်း အတွက် သောက်စား ကိုယ်တိုင်က ရှုံးနိမ့်ခြင်းအတွက် အတူသောက် ဖြစ်ခဲ့ပါသည်။
နောက်ဆုံး ရလဒ် အရ ပိုက်ဆံ အိတ် ကျနေရစ်ခဲ့ပါသည်။ မန္တလေးလည်း ပြန်မရ ။ သာဝတ္တိလည်း မပြန်ရဲ ။
ဒီလို နဲ့ သူငယ်ချင်း မိသားစု အိမ်မှာ သောင်းတင်နေခဲ့သည်။ မုံရွာ က သူငယ်ချင်း မိသားစု အိမ်တွင် သူတို့ အရောင်းအဝယ် တွေ လေ့လာရင်း နှင့် ကျောင်းဖွင့်ချိန် ရောက်ခဲ့ပါပြီး။ ကျောင်းတက်မှာလား မတက်ဘူးလား။ ဘီအီးဘွဲတော့ ရအောင်ယူမည်ဟု ဆုံးဖြတ်ပြီး း သူငယ်ချင်းအိမ်မှ ပိုက်ဆံ ချေးကာ ကျောင်းအပ်ပြီး ဘီအီး နှစ်ကျအဖြစ် ကျောင်းဆက်တက်ဖြစ်ခဲ့ပါသည်။ ကျောင်းဖွင့်ပြီး နှစ်လ သုံးလ အကြာအထိ သူငယ်ချင်း မိသားစု အိမ် မှာ အိပ်၊စား ထိုအိမ်မှာ ဆိုင်ကယ်ဖြင့် ကျောင်းတက်ခဲ့ပါသည်။ နှစ်ဝက် စာမေးပွဲ အနီး တွင် သူငယ်ချင်းမိသားစု အိမ်ကို ကျောင်းဖက် အဆောင်နေပြီး ကျောင်းတက်ချင်ကြောင်း အားနာစွာ ဖွင့်ပြောခဲ့ရပါသည်။ ထိုမိသားစု မှ သူတို့ သားနှင့်မခြား စီးပွားရေး ၊ အနေအထိုင် ၊ အပြောအဆို အစသဖြင့် သွန်သင်ဆုံးမခဲ့ပါသည်။ ထိုအချိန်မှ စတင်ပြီး မန္တလေးမှာ အင်ကျီများ ယူရောင်း၊ ဖုန်းဆိုင်ဖွင့်၊ ဓာတ်ဆီရောင်း၊ ဆန်ရောင်းခြင်းဖြင့် ဘီအီး နှစ်ကျ ကျောင်းသား ထိုနှစ်မှာ စာမေးပွဲ အောင်ခဲ့ပါသည်။ ဒုယအကြိမ်ကျရှုံးမှုတွင် ခွေးတစ်ကောင်သည် ချောင်ပိတ်ရိုက်သော ပြန်ကိုက်သည်။ လူတစ်ယောက်သည် နောက်ဆုတ်စရာ
အားကိုးစရာ (မိမိကိုယ်ကိုယ် အားမကိုး) ရှိလျှင် ကိုယ်စွမ်း ဉာဏ်စွမ်း ထုတ်မည် မဟုတ်။ ထိုကြောင့် ခေါင်းဆောင်ဖြစ်လိုပါက မိမိကိုယ်ကိုယ် အားကိုးရမည်။ ဆောင်ရွက်သင့် ပြုမှု သင့်တာများကို စဉ်းစားချင့်ချိန်ပြီး ဆောင်ရွက်ရမည်။ မိမိတို့နိုင်ငံသည် မိဘ ဘယ်လောက် ချမ်းသာကြောင်း မိမိအိမ်က တစ်လ ငွေဘယ်လောက် ပေးကြောင်း အဲဒီအချက်တွေကို ပြိုင်ဆိုင်ကြသည်။ မိမိ ဝင်ငွေ ဖြင့် ကျောင်းတက်နိုင်ကြောင်းကိုတော့ ဂုဏ်ယူရကောင်းမှန်း မသိပေ။ ဆန်ရောင်းပြီး ကျောင်းတက် တက် ထီရောင်းပြီး ကျောင်းတက်တက် ဂုဏ်ယူစရာကိစ္စပင်။ ကျောင်းသား ဘဝတုန်းကပြောခဲ့သသော စကားတစ်ခွန်းသည် မင်းအဖေ ဘာကောင်လဲ မသိချင်ဘူး။ မင်းဘာကောင်လဲ ပဲ ငါတို့ စိတ်ဝင်စားသည်ဟု သူငယ်ချင်း များ ပြိုင်တူ ပြောခဲ့
ခံစားခဲ့ကြပါသည် ။ ရိုင်းစိုင်းလိုခြင်း အလျှင်းမရှိပါ မင်းအဖေ ဘာကောင်လဲ မသိချင်ဘူး ဆိုတာ မင်းအဖေ ပိုက်ဆံ ဘယ်လောက် ရှိရှိ ဆင်းရဲရဲ စိတ်မဝင်စားဘူး မင်းသာ သူငယ်ချင်းကောင်း ပီသဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ အချက်ကို အားလုံးလက်ခံထားခြင်း ဖြစ်ပါသည်။ မိမိကိုယ်တိုင် သည် အားကိုးရာ ။ တကယ် အလုပ်လုပ် ရင် ကိုယ်လုပ်တဲ့ လုပ်ငန်းက ရသည့် ပိုက်ဆံ သည ် မိဘထံ မှ တောင်းသည့် ပိုက်ဆံ ထက် ပိုသုံးပျော်သည်။ ပိုပြီး ယုံကြည်မှု ရှိလာသည် မိဘများကိုလည်း ပြန်ကန်တော့ နိုင်သည် ။ ထိုကြောင့် ဒုတိယအကြိမ် ရှုံးနိမ့်သွားခြင်းသည် တည်ငြိမ်ခြင်း ရဲရင့်ခြင်း ယုံကြည်မှု ရှိလာခြင်း စိတ်ပိုင်းဆိုင်ရာ ခွန်အားပိုကောင်းလာသည်။
ဒုတိယအကြိမ် ရှုံးနိမ့်မှု မှ သင်ခန်းစာများ
၃)IMCEITS(၂၀၁၃ တတိယအကြိမ် ရှုံးနိမ့်)
တတိယအကြိမ် ရှုံးနိမ့်ခြင်းသည် ၂၀၁၃ ခုနှစ် ဖြစ်ခဲ့ပါသည်။ ရန်ကုန်တွင် ဆွေးမျိုး ဉာတိ မရှိပဲ အမောင် တောင်မြောက်သဲကွဲစွာ မသိပါပဲ သူငယ်ချင်း လက်ကို ရဲရဲကိုင်ကာ လိုက်ခဲ့ပါသည်။ ရောက်ရောက်ချင်း နေစရာ ရှာရမည်။ နေစရာ မရှိခင် သူငယ်ချင်းထံ နေလို့ ရသည် သို့သော် ကြာရှည် မရပါ။ ဒီလို ဖြင့် ကျွန်တော့် သုံးလေးရက် စောရောက်သော မုံရွာ ကျောင်းဆင်း ညီငယ် မျိုးမင်းဌေးတို့ တိုက်ခန်းတွင် နေခွင့်ရခဲ့ပါသည်။ ပိုက်ဆံ မလုံလောက်ကြောင်း ရှင်းပြတော့ ရတယ် ကိုကြီး ကိစ္စမရှိပါဘူး နောက်မှ ပေးလည်း ရတယ်ဆိုပြီး
နေခွင့်ရလိုက်တယ်။ ကံကောင်းလိုက်တဲ့ မိတ်ဆွေ ကောင်း တွေပါ။ ယနေ့ အချိန်ထိ မျက်စိထဲ မြင်ယောင်ရင် သတိရ ကျေးဇူးတင်ဆဲပါ။ ထိုတိုက်ခန်းမှ တဆင့် အလုပ်လျှောက်ရင် Software ပညာရပ်ကို သင်ကြားလိုစိတ်ဖြစ်ပြီး မိဘဆီ မှာ ငါးသိန်း တောင်းကာ IMCEITS India-Myanmar ကျောင်းတက်ခဲ့ပါသည် ။ ကျောင်းသည် ပါရမီ လမ်းပေါ်တွင် ရှိပါသည်။ နေထိုင်ရာ လှိုင်မြို့နယ် ဘာတာ မှတ်တိုင်မှ ကားဖြင့် သွားလိုလျှင် လှည်းတန်းတဆင့် စီး လှည်းတန်းမှ အေဒီ မှတ်တိုင်စီး စုစုပေါင်း အသွားအပြန် ခြောက်ရာ ကုန်ကျပါမည်။ ထိုခရီးစဉ်အတွက် ကားခ မတတ်နိုင်ပါ။ ထိုကြောင့် ဘာတာ မှ ကျောင်းအထိ အသွား ၄၅ မိနစ် အပြန် ၄၅ မိနစ် လမ်းလျှောက်ပြီး ကျောင်းတက်ခဲ့ရပါသည်။ ရန်ကုန် ရောက်သည့် အချိန်မှ
စပြီး မိဘဆီ သို့ ငွေမတောင်းတော့ပါဘူး မိမိဖာသာ ရပ်တည်မည် ဟု ဖုန်းဆက်ပြီး ပြောခဲ့ပါသည်။ ယူနီဖောင်းဖြင့် တက်ရသော ကျောင်းဖြစ်သော ကြောင့် အပေါ် အဖြူဝတ် မရှားသော်လည်း ပုဆိုး မှာ မိမိတွင် နှစ်ထည် ထဲသာ ထည်လဲ ဝတ်ခဲ့ရပါသည်။ ကျောင်းတက်ရာသီသည် မိုးရာသီ ဖြစ်သောကြောင့် အပိုဝတ်မရှိသော ပုဆိုးကို လွယ်အိတ်ထဲ ထည့်ကာ ဖောင်းဘီတိုဖြင့် ကျောင်းလာပြီး ကျောင်းရောက်မှ ပုဆိုး ထုတ်ဝတ်ခဲ့ရပါသည်။ ထမင်းထုတ်ဖြင့် နေ့စဉ် ကျောင်းလာရပါသည်။ ဖိုးရွှေလ ဆိုင် နှင့် ကျောင်းတွင်းဆိုင် နှစ်ဆိုင် ရှိပါသည်။ ဖိုးရွှေလတွင် ဈေးမတတ်နိုင်သော်လည်း ထမင်းထုတ ် မမေ့ရဲပါ။ ခုံနံပတ် ၅၄ ကို IMCETIS Batch - 10 တစ်ခု လုံး နီးပါး သိကြပါသည် အဘယ်ကြော်င့် ဆို သော် ခုံနံပတ် ၅၄ သည်
စာမေးပွဲတိုင်းတွင် ထပ်ဆုံးက ကျ(fail) ဖြစ်ခဲ့ပါသည်။ အမှတ်တရ အဖြစ် J2EE တစ်ဘာသာ လျှင် လွတ်ကင်းစွာ အောင်မြင်ခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေကာမှု Carry Mark ကို တန်ဖိုး မထားမှု ကြောင့် IMCEITS ကျောင်းမှ Project မလုပ်ရဲ ထုတ်စရာမ လိုပဲ Auto ထွက်ခဲ့ရပါသည်။ ထိုကျရှုံးမှုကို မိဘကိုလည်း မပြောရဲ ၂၀၁၄ ခုနှစ ်အကြွေးသည် ၈ သိန်းကျော်နေပါပြီ။ graduate Marks ကောင်းကောင်းဖြင့် အောင်မြင်သူများကြားမှ ကျွန်တော် fail ဖြစ်နေတဲ့ ကျောင်းသား အလုပ်ကို မည်သို့ လျှောက်ရမည်နည်း။
စိတ်ဆင်းရဲစွာပဲ မိမိကိုယ်ကို ဆောက်တည်ရာ မရ သတ်သေချင်စိတ် ပေါက် သွားသည်။ နောက်ဆုံး မနေထိုင် သည့် အဆုံ းအရမ်းချစ်ခင်ရပါသော ဆရာမ ဆီကို ဖုန်းဆက်ပြီး ရင်ဖွင့်ခဲ့ရာ ဆရာမ ဆုံးမချက်သည် "သား ဒီစာမေးပွဲ ကျတာ ဘဝဆုံးတာ မဟုတ်ဘူး မင်းကြိုးစားရင် ဖြစ်တယ် " အဲဒီ ယုံကြည်ချက်ဖြင့် ရှေ့ဆက်နိုင်ခဲ့ပါသည်။ ကျောင်းတက်နေစဉ်ကာလများတွင် ကျောင်းစာ မလိုက်နိုင်သော်လည်း ကူညီနိုင်သော သူငယ်ချင်းများ ရှိပါသည် ထို သူငယ်ချင်းများထံတွင် သွားရောက် လေ့လာ စာကြည့်ပါက အောင်မြင်နိုင်ပါသည်။ သို့ပါသော်လည်း ထိုသူငယ်ချင်းများထံသွားလျှင် တစ်ပတ် ၂၀၀၀၀ ခန့် ကုန်ကျနိုင်ရန်တွက် လက်ထဲတွင် ငွေ သားမရှိခဲ့ပါ။ အမှတ်တရ အဖြစ် သောကြာနေ့ စာမေးပွဲ ဖြေရင်း စနေနေ့ တွက် လက်ထဲတွင်
ငွေဟူသည်မှ တစ်ပြားတစ်ချပ်မှ မကျန်သော အခါ အရှက်မရှိစွာပဲ မိန်းကလေး သူငယ်ချင်း နော်လေးထံတွင် ငါးထောင်ချေး ကာ နောက်ရက် အတွက် စားသောက်ဖို့ ရင်ဆိုင် ဖြေရှင်းခဲ့ရပါသည်။ IMCETIS ကျောင်းတွင် Carry Marks တန်ဖိုးမထားမှုကြောင့် ဘွဲလက်မှ မရခဲ့သော ကျွန်တော်သည ် ဘဝထဲမှ Carry Marks များကို တန်ဖိုးထားပါသည်။ လူတိုင်းလူတိုင်းတွင် မိတ်ဆွေကောင်းများစွာ ရှိပါသည်။ ထို မိတ်ဆွေများသည် Carry Mark များဖြစ်ပါ့သည် ထိုမိတ်ဆွေများထံမှ အကူအညီ တောင်းခြင်းသော်လည်းကောင်း ငွေကြေး ချေးငှားခြင်းသော်လည်း ကောင်း ပြုလုပ်နိုင်ပါသည် ။ မိမိ တုန့်ပြန်မှု ဆောင်ရွက်မှု အတိုင်းပဲ CarryMark များ ကျန်ရှိနေပါလိမ့်မည် ။ ပါဝင်ပတ်သတ် ဆက်ဆံပြီး မိတ်ဆွေ အပေါင်းအသင် ငြိုငြင်သွားပါက
သင့်၏ Carry Mark သည် ဆုံးရှုံးသွားပါသည် နောက်တစ်ကြိမ် ပြန်လည် ရရှိဖို့ မလွယ်ကူတော့ပါ။ ထို့ကြောင့် ဘဝတွင် မိတ်ဆွေ အပေါင်းအသင်းများထံ မှ Carry Mark (or) ယုံကြည်မှု မဆုံးရှုံးပါစေနဲ့လို့ ဆန္ဒပြုပါတယ်။ ကျွန်တော့် ကို ယနေ့အချိန်ထိ ချစ်ခင်စွာ စောင့်ရှောက်ပေးသာ မိဘ နှစ်ပါး နှင့်အတူ
ဆွေမျိုး မိတ်ဆွေများ နည်းပညာတက္ကသိုလ်မုံရွာ ကျောင်းဆင်းများ အခြား နည်းလမ်းဖြင့် သိရှိသော မိတ်ဆွေများ အားလုံး ကျေးဇူးအထူးတင်ရှိပါတယ်။
ဘဝရဲ့ Carry Marks များကို တန်ဖိုးထားနိုင်ကြပါစေ။
တတိယအကြိမ် ရှုံးနိမ့်မှု မှ သင်ခန်းစာများ ။
ပိုးပေါက်
နည်ပညာတက္ကသိုလ်(မုံရွာ)
Comments
Post a Comment