Skip to main content

လူငယ့်အားမာန်စာကြည်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်း




နံပါတ်(၁) မခံချင်စိတ်။
နံပါတ်(၂) ယုံကြည်စိတ်။
နံပါတ်(၁-၁) ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ။
 ကျွန်တော်တို့ရွာကလေးကို မန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်ခု Nissan ကားလေး နဲ့ ဝင်လာပါတယ်။ကားပေါ်က ဆင်းဆင်းချင်းပဲ  မိသန်း နင့် တို့ရွာက လူတွေ ရိုင်းလိုက်တာ။ 
ဟောတော် ဦးလေးက လည်း ခရီးရောက်မစိုက် တော်။
နင့်တို့ရွာ စာကြည့်တိုက် မရှိဘူးမို့လား။လို့တန်းမေးပါတယ်။
ဟုတ်ပါတယ်။သူ့မေးသည့်အချိန်က စာကြည့်တိုက်မရှိသေးပါ။
ဘာကြောင့် သူ ရိုင်းတယ်လို့ပြောခြင်းအချက်ကို မှားတယ် မှန်တယ် မဆိုလိုပါဘူး။ အလိမ္မာ စာမှာရှိ ဆိုသည့် ဆိုရိုးစကားအတိုင်း စာပေက  ပေးတဲ့ အသိ စာပေ ကပေးသည့်ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။
ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာ မင်းတို့ရွာ ရိုင်းတာ လို့ ပြောတာကိုမခံချင်ပါဘူး။ 
ထိုဦးလေးကို ကို မုန်းလည်း မမုန်းသလို ချစ်လည်း မချစ်မိပါဘူး။သို့ပေမယ့် သူကို အချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်း တင်မိပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ မင်းတို့ သာဝတ္ထိရွာများ အရင်ကလောက်မရိုင်းတော့ဘူးဆိုတာတေ့ာ သက်သေပြချင်မိပါတယ်။ (ဒါကတစ်ချက် )
နံပါတ်(၁-၂) ကျွန်တော့်နာမည် ဇော်ဝင်းမောင် အိမ်နာမည် ဖိုးသား ငယ်နာမည် ကလောင် အမည် ပိုးပေါက် ဒါပေမယ့် အင်ဂျင်နီယာ  ကျောင်းတက်နေသမျှ ကာလ ပတ်လုံး 
ကျွန်တော့်အမည် ကုန်သည်။(ကုန်ရင်လာသည်သည်)
ကျွန်တော့်အမည် ကိုငွေတောင်း။(လကုန်တိုင်းငွေတောင်းသည်)
လူကြီးတစ်ယောက် တစ်မနက် လုပ်အားခ ၁၅၀၀ ၂၀၀၀ ရသည့်အချိန်တွင် ကျွန်တော် မောင်ကျောင်းသား တစ်လ သုံးငွေ တစ်သိန်းခွဲ နှင့် နှစ်သိန်းကြား။ ငွေကြေး ရှားပါသည့် အရပ်ဒေသ မှာ ကျွန်တော်တို့သည် လူမိုက်ကြီးများသာ။အိမ်က မငြိုငြင်သော် လည်း ပတ်ဝန်းကျင်သည် ကိုအောင်နိုင်ဦး(ကျွန်တော့်အဖေ) ခင်ဗျားတို့ မိုက်တယ်ဗျာ။(မှားတယ်ဟုဆိုလိုခြင်း) ခေတ်စကားအရ မိုက်တယ်သည် အားကျခြင်း ဖြစ်သောကြောင့် ခွဲပြောခြင်းဖြစ်ပါသည်။ဘာလို့ ဒီလောက် ငွေကြေး အကုန်ခံ ကျောင်းထားမလဲဗျာ။။
ကျွန်တော်သာ ဆိုရင် ကျွန်မတို့သာ ဆိုလျှင် ခင်ဗျားသား အကြီးကောင်ကို ကားမောင်းခိုင်း အငယ်ကောင်ကို စပါယ်ယာလုပ်ခိုင်း ပြီးပြီပေါဗျာ့။ အိမ်လည်း ဝင်ငွေရ ။မိသားစုနဲ့လည်း မဝေးတော့။ဘယ်လောက်ပိုင်တဲ့ လုပ်ရပ်လဲ။ တိုးတိုး တစ်ဖုန် ကျယ်ကျယ်တစ်ဖုန်။ မခံချင်ဘူး။ ပညာတတ်တစ်ယောက် မွေးထုတ်ထားသည့်အိမ် ပစ္စည်း ဥစ္စာ တိုးတက်ချင်မှ တိုးတက်မည်။အသိပညာတော့ မဆုတ်ရှုတ်သွားဘူးဆိုတာသိစေချင်သည်။
ပညာတတ်တစ်ယောက်မွေးထုတ်လိုက်ပါက အိမ်မှာရှိတော့ ယာခင်း စိုက်ခင်းများ ကုန်သွားသည်။ထို့ကြောင့် တက္ကသိုလ် ကျောင်းထားပါက စာစား၍ မွဲသွားသည့်  တက္ကသိုလ် ကျောင်းသားများ ကျောင်းသူများ ဆက်လက် မထားတော့မှာကို စိုးရိမ်မိသည် ပူပန်မိသည် ယခုတက်နေသော ကျောင်းသား ညီငယ် ညီမငယ်များကို တက္ကသိုလ်ကို ပြီးဆုံးအောင် ဘွဲ့ရအောင်အထိ ပြီးသွားစေချင်ပါသည်။တစ်ဝက်တစ်ပျက်နဲ့ ကျောင်းသားပျက်လို့ ပြောခံရမှာကို တွေးပြီး စိုးရိမ်မိလို့ပါ။
ကျောင်းထားလို့ မိဘများ မွဲတာ မဟုတ်ပါဘူး။ သားသမီးများ မသိတတ်လို့ မွဲတာပါ။ အဲဒါကို ရှင်းရှင်းလင်းလင်းသိစေချင်ပါသည်။ဒီနေရာမှာ စင်္ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယု စကားအရ ပညာသာတတ်အောင်လုပ်ပါ သူ့အလိုအလို ကျွန်လာခံလိမ့်မယ်။
ပညာတတ်အောင်လုပ်ရမယ်။အသိပညာရော အတတ်ပညာရော။နှစ်မျိုးစလုံးပေါ့။
အဲစကားတွေကို မခံချင်ဘူး။ကျွန်တော့်မိဘများ ဒုက္ခခံ ကျောင်းထားခြင်းသည် မှားယွင်းမှုမဟုတ်ကြောင်း သက်သေပြချင်တယ်။အဲအတွက် မခံချင်ဘူး။

နံပါတ်(၂) ယုံကြည်မှု
ဘာကိုယုံကြည်တာလဲ။ပညာကို ယုံကြည်တာပါ။ အသိပညာကို ယုံကြည်တာပါ။ဟုတ်ပါပြီ။အသိပညာကို 

နံပါတ်(၁) .စာပေ မှ ဗဟုသုတ ရရှိခြင်း 
၂.ခရီးသွားခြင်း မှ ဗဟုသုတ ရရှိခြင်း 
၃.လူကြီးသူမ မိဘ ဆရာဆရာမများမ ဆုံးမ သြဝါဒ များမှ မှ ဗဟုသုတ များ ရရှိနိင်ပါတယ်။
၃ အချက်မှာ လူကြီး မိဘ ဆရာသမား မည်မျှပင် ပြောဆိုဆုံးမ စေကာမှု ကာယကံရှင် နားဝင်မှ လိုက်နာမှ ဖြစ်တာပါ။

ထိုကြောင့် ဤအချက်သည် သူ့ဖက်က သိတတ်မှု နားဝင်မှုကို မှောက်ထားပါက ဘယ်လောက်ပဲ လောင်းထည့်ထည့် ဝင်မည် မဟုတ်ပါ။ဒါကြောင့် ကိုယ်ကိုယ်တိုင် သိ ကိုယ်ကိုယ်တိုင် စာဖတ် ကိုယ်ကိုယ်တိုင်လိုက်နာ သာလျှင် အကောင်းဆုံးဟု ထင်မြင်မိပါသည်။
နောက် လူတစ်ယောက်တွင် ခြေ လက် ဦးခေါင်း ရှိပါသည်။ ခြေထောက်မရှိလို့ ရလား။ရပါတယ်။လက်မရှိလို့ရလား။ရပါတယ်။ဦးခေါင်းမရှိလို့မရပါဘူး။ဦးနှောက်အပြင် အသိဉာဏ်ရော ရှိနေရပါမယ်။ ခြေထောက်တွေ လက်တွေ မျက်လုံးတွေ နားတွေ နားခေါင်တွေ မပါချင်နေပါစေ ။ အသိဉာဏ်ရှိတဲ့ ဦးနှောက်သာ ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်တွက် ရပ်ရွာတွက် လူသားတွေ အတွက် များစွာ တိုးတက်အောင် အထောက်အကူ ပြုနိုင်မည်ဟုယုံကြည်မိပါသည်။
စသည့်ထိုထို အချက်များကြောင့် နောက်ထပ် မျိုးဆက်သစ် အနာဂတ် မျိုးဆက်သစ် လူငယ်များ တိုင်းပြည်အတွက် အနာဂတ်အတွက် တောက်ပ စိတ်ချစွာ အပ်နှံလိုလျှင် လူငယ်များ စာဖတ်အောင်တိုက်တွန်းကြပါ။
စာပေကို တစ်ရှိုက်မတ်မတ် ဖတ်ကြပါ။
စာဖတ်ခြင်းသည် အလုပ်လုပ်ခြင်းဖြစ်ပါသည်။
မခံချင်စိတ်၊ယုံကြည်စိတ်များကြောင့် စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက်ကို စိတ်ရော လူရော ငွေ ရော အချိန်ရော ရင်းပြီး ကြိုးစားဖွင့်ခြင်းဖြစ်ပါသည်။
ဤစာကြည့်တိုက် မှ အသီးအပွင့်များကို နောင်လာနောင်သား မျိုးဆက်သစ်များ ချိုမြိန်စွာ တန်ဖိုးရှိစွာ စားသုံးကြပါကုန်လော့။

ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ) 

Comments

Popular posts from this blog

နွေဦးသြတမ်းချင်း

ရောင်စုံကတဲ့ အတ္တတွေ လရောင်ကိုပဲလင်းထိန်ခဲ့ ကြိုးတစ်ချောင်းကိုလွန်းတင်ဖို့ အတောင်မစုံတဲ့ ငှက်တွေကြားမှာ ခံစားချက်ကို သီကျူးတဲ့ ဥသြလေးကိုပဲ လွမ်းမိတယ် ပိုးပေါက် နည်းပညာတက္ကသိုလ်(မုံရွာ)

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ်" နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူများ အသစ်ရောက်လ...

ဘကုံး နဲ့ ဝလုံးကို အထာကျကျ နှုတ်ဆက်နိုင်ပါစေ။

ထွက်လေ နဲ့ စတဲ့ ဘဝ ဟာလေ ဘကုံး နဲ့ ဝ လုံး မပြီ   ပြင်ကတည်းက  ရုန်းကန်ခြင်း နှင့် လည်ပင်းဖက်ခဲ့လေလား။ လိုအင်မပြည့်ဝတဲ့ ကလေးငယ်တစ်ယောက်ရဲ့ ကြာဖြူတစ်ပွင့် ကလေးက ကလေးပဲ မို့  ကလေး အတွေး နဲ့ ကလေး အရေးပဲ တောင်းဆိုပါသတဲ့ ။ တုန့်ပြန်ခြင်းမှာ အချိန်လိုအပ်ပါတယ်။ အလယ်တန်းကျောင်းသားတစ်ယောက် ကိုယ်ပိုင် ဘောလုံးလေးတစ်လုံး ဝယ်နိုင်ရေးဟာ  သူ့အတွက် မဟာအရေးပါ။  တက္ကသိုလ်ရောက်မှ ဘောလုံးဝယ်ပေးခြင်းဟာ နှောင်းသွားခဲ့ တဲ့ ရလဒ်တစ်ခု အမှတ်တစ်ခု အဖြစ်သာ။ လိုအပ်မှုတွေ များနေခြင်း တောင်းဆိုမှုတွေ များနေခြင်း မရရှိခြင်းတွေ များနေခြင်း က လိုအင်ဆန္ဒတွေရှိန်မြင့်ကုန်သတဲ့ လား ? မရမှန်းမသိတော့ အခြေအနေသိကုန်သလို ရင့်ကျက်ကုန်လေသလား ? ဒါဟာ အချိန်လွန်တဲ့ သစ်သီးတစ်လုံးပဲ အချိန်လွန်တဲ့ ပန်းတစ်ပွင့်ပဲ ? လက်ခလယ် နဲ့ လက်မ ပွတ်တိုက်ခြင်းဟာ အသံထွက်သတဲ့လား ဒီကောင်မသိလို့ လောင်းကြေးထပ်မိတယ်။ ဒီမျဉ်းသေဟာလည်း ထမင်းရည်စည်းလိုပါပဲ. ပွတ်ရှမှုတိုင်းဟာ နာကျဉ် ခြင်း ကြေကွဲခြင်းဆို တောင်မီးလောင်မှုမှာလည်း သားကာင်းတွေ နာကျဉ် နေဦးမှာပဲ ထွက်သက်မတိုင်ခင်မှာ တရားသဖြင့် ကြည်နှုးနိုင်ဖို့ ဆိုတာ ကြီးကျယ်မြင့်မြတ်စွာ ခံစား...